
လူရွှင်တော် စ လုပ်လုပ်ချင်း နံမယ် ကပြောင်ပြောင် ပါ။ဗေဒင်ဆရာ ကိုသူရ နဲ့တွေ့တော့မှ ဂေါ်ဇီလာ လို့ပြောင်းသွားရတာ။ဒါပေမဲ့ ကျွန်တော့ ပါးစပ်က မီးမထွက်ပါဖူး။အမှန်တရား ပဲ ထွက်ပါတယ်။မဟုတ်မမှန် မတရားမှု မှန်သမျှ တတ်သမျှ အနုပညာ နဲ့ ထာဝရ ဆန့်ကျင်သွားမှာပါ။
ပြည်သူများနှင့်တစ်သားတည်းဖြစ်သည်





ဖိုးဖြူတို့ ငှက်ပျော်ကြော်တို့လို ကြောင်တောင်တောင် လွဲချော်ချော်တွေတော့ ကျွန်တော် က ဖြစ်လေ့မရှိပါဖူး။ဒါကလဲသူတို့လို ပေါတောတော မဟုတ်တဲ့ကျွန်တော်ကိုးဗျ။အဲ ဒါပေမဲ့ ဖြစ်လိုက်ရင်တော့ ကျွန်တော် ကအချီကြီးပဲ။ကျွန်တော် မင်္ဂလာဆောင်တုန်းကပေါ့ဗျာ။သမတ ဟော်တယ်မှာလေ။သတို့သားက ကျွန်တော်။ရုပ်ရှင်တွေထဲမလဲနာမယ် ရပြီးသားဆိုတော့ အိုကေပေါ့။ဒါရိုက်တာကိုမီးပွားကလဲပြောတယ်။အားလုံးသူ့တာဝန်ထားတဲ့။သူများတွေလို မဟုတ်ဖူး။နောက်ဆုံးပေါ်ကင်မရာ ၃ လုံး နဲ့ရိုက်မှာ တဲ့။မိဖဖက်က အမျိုးတွေက ဟင်္သာတ လာမှာ။မလွန် က လာမှာ။မိန်းမ ဖက်ကတော့မြောင်းတကာက လာမှာ။ဟဲဟဲ ကြွားရချည်သေးရဲ့ပေါ့။ဒါ၇ိုက်တာ မီးပွားကိုယ်တိုင်ရိုက်ပေးမဲ့မင်္ဂလာဆောင်လေ။အဲ မင်္ဂလာမဆောင်ခင် ည မှာ သူငယ်ချင်းတွေကို ဧည့်ခံ သောက်စားတော့အားလုံးမူးမူးရူးရူးနဲ့ပေါ့။မနက်ကို ဘယ်လာရမလဲဆိုတော့ ကျွန်တော် လဲပြောမိပြောရာ အင်းလျားလိပ် လို့ပြောလိုက်မိတယ်ဗျာ။နောက်နေ့လဲကျရော ဒါရိုက်တာ မီးပွားနဲ့ကင်မရာအဖွဲ့က အင်းလျားလိပ်ကိုသွား ၀င်လာတဲ့ ဧည့်သည်တွေကိုရိုက် တဖြေးဖြေး နဲ့ သူတို့သိတဲ့လူတေါလဲတစ်ယောက်မှမတွေ့တော့ အူကြောင်ကြောင်ဖြစ်လာကြပါလေရော။ကျွန်တော် တို့လဲ သမတ မှာတစောင့်စောင့်နဲ့ပေါ့။ကိုအ၇ိုင်းနဲ့ဖိုးဖြူခမျာလဲ သမတ ရုံရှေ့က ပလက်ဖောင်းမှာ တမျှော်မျှော်နဲ။မင်္ဂလာဆောင်သာပြီးသွားရော။ဗီဒီယို ကို တစ်ကွက်မှ မ၇ိုက်လိုက်ရပါဖူး။ကျွန်တော့မိန်းမ ကလြ နှုတ်ခမ်းကြီးထော်လို့ပေါ့။ဟီးဟီး။ဒါနဲ့ပဲ ည ကျတော့မှ အိပ်ယာထဲ ကင်မရာ ထဲ့ပြီးမိန်းမ ရေ အစအဆုံးမှတ်တမ်းတင်ရအောင်ဟေ့လို့ပြောလိုက်တာ တစ်ခါထဲ တုတ်နဲ့လိုက်လိုက်တာ အဲဒီညကဘုန်းကြီးကျောင်းမှာအိပ်ခဲ့ရကြောင်းပါဗျာ။