Saturday, December 1, 2007

ပါးစပ်က မီး မထွက်တဲ့ ဂေါ်ဇီလာ


လူရွှင်တော် စ လုပ်လုပ်ချင်း နံမယ် ကပြောင်ပြောင် ပါ။ဗေဒင်ဆရာ ကိုသူရ နဲ့တွေ့တော့မှ ဂေါ်ဇီလာ လို့ပြောင်းသွားရတာ။ဒါပေမဲ့ ကျွန်တော့ ပါးစပ်က မီးမထွက်ပါဖူး။အမှန်တရား ပဲ ထွက်ပါတယ်။မဟုတ်မမှန် မတရားမှု မှန်သမျှ တတ်သမျှ အနုပညာ နဲ့ ထာဝရ ဆန့်ကျင်သွားမှာပါ။

ကျွန်တော်ကတော့ ဇီးသီးပါ


နံမယ် အရင်းကတော့ သန်းထွန်း တဲ့ သောကြာသား။လူရွှင်တော် နံ့မယ်ကျတော့ ဇီးသီးပါ။ဒါပေမဲ့ စာလုံးပေါင်းအမှန်ကျတော့ ဆီးသီး တဲ့။ရေ သီး ရင်တော့ အသက်ရှူလို့တောင် မရတတ်ဖူး။ဆီး သီး ရင်တော့ ဘယ်လိုနေမှန်းကိုမသိပါဖူးဗျာ။

Friday, October 26, 2007

စိန်သီးဆိုတာသားသားပါ

အမည်ရင်း ဇော်နိုင်ထွေး
အသက် ၃၂နှစ်
ကျွန်တော်နံ့မယ် စိန်သီး။အရင်ကတော့ပေါက်စီတဲ့။လူပျိုကြီးပါ။နံ့မယ်ရင်းကဇော်နိုင်ထွေး။ဒီနေ့ည မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်နေ့ညပေါ့ဗျာ။အမှန်ကတော့ နက်ဖန်ဆို လူပျိုကြီးဘ၀ ကျွတ်ရတော့မှာ။ခုတော့ ကောင်မလေး က လင်ယူသွားတယ်။လူပျက် ဘ၀ က အာမခံ့ချက် မရှိလို့တဲ့။ဘာရမလဲ ဘုန်းကြီးကျောင်း သွားပြီးကုတင်ကြီး လှူလိုက်တာပေါ့။ခြင်ထောင်ကတော့အိမ်ဘေး က အသုဘ အိမ် ကို လှူလိုက်ပါပြီ။တိုက်တိုက်ဆိုင်ဆိုင်ဗျာ အိုးတွေခွက်တွေတော့ တစ်နေ့ကပဲ ကျွန်တော်တို့အဖွဲ့ထဲက ဇီးသီးဆိုတဲ့ကောင် နောက်မိန်းမ ယူလို့ ပေးလိုက်ပြီ။သူကျတော့ စွံတယ်ဗျာ။ခက်တာက သူနောက်ယူတဲ့ကောင်မလေးက မျက်မမြင်လေးဗျ။

ကြယ်သီးပါခင်ဗျာ ကြယ်သီးပါခင်ဗျ


လူရွှင်တော်နာမယ် ခနခန ပြောင်းရတဲ့ လူရွှင်တော်လေးကြယ်သီးပါ။အစကတော့ ကြက်ဖ တဲ့ နောက်တော့ သုတ။နောက်တော့ သက်ထူးစံ နောက်တစ်ခါ ချစ်စံ ပြီးတော့ ဂျိုးသိန်း ဟော ဦးဇာဂနာနဲ့လဲတွေ့ရော လုံလုံခြုံခြုံဖြစ်အောင်တဲ့ ကြယ်သီးဖြစ်သွားပါလေရော။နံ့မယ်ရင်းကတော့ ကျော်ဇေယျ။အသက်က ၃၀နှစ်။မိန်းမ မရှိ လူပျိုကြီး ရည်းစားထားတိုင်းလင်နောက်လိုက်လိုက် သွားတတ်လို့ မိန်းမတွေကို စိတ်မကုန်သေးတဲ့သူပါ။ခုလဲ လူပျိုဆောင်ရှေ့က ဖြတ်ဖြတ်သွားတဲ့ ကျောင်းသူကောင်မလေးတွေကို လေချွန်ချွန်ပြီး စ နေတာ ဟဲဟဲ ဘယ်လောက်စွံတယ်မှတ်လဲ အဆောင်နားကခွေးတွေကို အုံနေတာပဲ ထန်းညက်ကျွေးမယ် မှတ်လို့လေ။

ကျွန်တော့နာမယ် ပန်းသီးပါ




နာမယ်အရင်းကတော့မျိုးဇော်တဲ့။နော်ဝေး ရုပ်သံအစီအစဉ်ကနေ သီးလေးသီးရဲ့ဆေးရောင်စုံအငြိမ့် လွှင့်ပြီးကထဲက ကျွန်တော့ ကို လူတွေ သိလာခဲ့ပါတယ်။ခေတ်နဲ့ညီတဲ့ ခေတ်မီ တဲ့ ပြက်လုံးတွေ ပြက်ဖို့ စိတ်ဝင်စားပါတယ်.အကိုတွေ ဖြစ်တဲ့ ကိုဇာဂနာ ကိုအ၇ိုင်း ကိုကင်းကောင် ကိုငှက် ကိုဖြူ ကိုညောင်တို့ဆီကလဲ နည်းနာတွေ ယူခဲ့ပါတယ်။ဦးဂေါ်ကတော့ ဒါ၇ိုက်တာပေါ့။ခု အငြိမ့်တစ်ခု ၇ိုက်ဖို့စီစဉ်နေပါတယ်။မကြာမီ ပရိသတ်ရှေ့မှောက်ရောက်လာမှာပါ။အငြိမ့်နံ့မယ်တော့မပေးရသေးပါဖူး။
ခေတ်ကိုလဲနောက်ပြန်မဆွဲ အသစ်ကိုလဲဖောက်ပြန်မလွဲတဲ့ လူရွှင်တော်လေး ပန်းသီးဟာ ပြည်သူများနဲ့တစ်သားထဲပါ။

Wednesday, October 24, 2007

မနေနိုင် မထိုင် နိုင် ဇာဂနာ



တက္ကသိုလ်ကျောင်းသားဘ၀ကပေါ့ဗျာ။မှတ်မှတ်ရရ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသားပေါ့။ကျောင်းမှာ သွားကျန်းမာရေးပညာပေး ဌာန ရှိတယ်လေ။အများပြည်သူတွေကိုအသိပညာပေးဖို့ပေါ့။အဲဒီမှာ ကျောင်းသားကြီးတွေ ဆရာတွေ ပါမောက္ခတွေကပညာပေးစာတန်းတွေနေရာအနှံ့မှာကပ်ဖို့ သတင်းစာတွေ စာစောင်တွေ မဂ္ဂဇင်းတွေမှာ ထည့်ဖို့တဲ့ဆိုပြီးအပြိုင်အဆိုင် ပညာပေးစာသားတွေရေးကြပါလေရော။ဇာ၈နာ တို့ကတော့ချာတိတ်ဆိုတော့ နားထောင်သူသက်သက်ပေါ့ဗျာ။အဲဒီမှာ ဆရာတွေက ကဗျာလိုလို ဘာလိုလို စာတွေကိုတော်တော်သဘောကျနေတာတွေ့လိုက်ရပါလေရော။ပမာဆိုရရင် နံက်ညစာ အကြားမှာ အချိုသားရေ စာတွေလျော့စားပါ။အစာစားပြီးအိပ်ကာနီး မညီးသေချာ သွားတိုက်ပါ ဆိုတာမျိုးတွေပေါ့။ဇာ၈နာ ကတော့ ဒါမျိုးတွေ နဲနဲလေးမှ မကြိုက်ပေါင်။ပညာပေးတာ သံပေါက်သင်နေတာမဟုတ်ဖူးလေ။ဒိတော့အိပ်ယာထ နဲ့အိပ်ယာဝင် သွားတိုက်ပါ တို့ ချိုသောအစာ လျော့စားပါတို့ဆိုပိုလို့မကောင်းဖူးလားလို့တွေးနေမိပါတယ်။ဟော အဲဒီတုန်းမှာပဲ ပါမောက္ခ က သူလက်စွမ်းပြထားတဲ့ (
အစာစားပြီးရည်ရွှမ်းသီး အပြီးသတ်ကာ စားပေးပါ)ဆိုတဲ့စာတန်းကိုဖတ်ကြားပြပါလေရော။အမယ် အားလုံးက လက်ခုပ်လက်ဝါးတဖြောင်းဖြောင်းနဲ့ခမျ။ဇာဂနာ စဉ်းစားမိတယ်။အစာစားပြီးတိုင်း အရည်ရွှမ်းတဲ့အသီးစားပေးပါ ဆိုတာ မြန်မာလူမျိုး လက်လုပ်လက်စား ရုံးသူရုံးသားကျောင်းသူကျောင်းသားတွေနဲ့ လားလား မှမအပ်စပ်ပေါင်။ဘဲ့နဲ့ဗျာ ထမင်းတစ်ခါစားပြီးတိုင်း နာနတ်သီးတွေ ကျွဲကောသီးတွေ ဘယ်သူတွေက ပုံမှန်စားနေနိုင်မှာလဲ။ဒီတော့ အများလိုက်နာ နိုင်တဲ့ စာမျိုး နဲ့ပညာပေးမှ ပို ထိရောက်ပေတော့မပေါ့။ဟုတ်ဖူးလား။နောက်တစ်ခါ (ရေ ထက် အရည် ရွှမ်း တာ ဘာ ရှိသေးလို့လဲ)ဟုတ်ဖူးလား။ဒီမှာတင် ငပွကြီး ဇာ၈နာ က မနေနိုင်တော့ပဲ အစာစားပြီးတိုင်းပလုပ်ကျင်းပါ ဆို ပြီးနေတာပဲဗျာ လို့ ပြောလိုက်မိပါလေရော။ပါမောက္ခ ကြီးလဲ မျက်နှာ ကြီးပျက် သူ့စာတန်းကြီးလဲပျက်သွားတယ်ခင်မျ။ဟဲဟဲ ငပွကြီး ဇာ၈နာ လဲ အငြိုးခံရပြီး စာမေးပွဲ ဖြေခွင့် ၆လ အပိတ်ခံခဲ့ရပါရောလား။ဒါကြောင့်ပြောတာပေါ့ ဇာ၈နာ့ပါးစပ်ဟာ မနေနိုင် မထိုင်နိုင်ပါဆိုတာ။

Tuesday, October 23, 2007

ကင်းကောင်ဆိုတာကျွန်တော်ပါ

ဖိုးဖြူတို့ ငှက်ပျော်ကြော်တို့လို ကြောင်တောင်တောင် လွဲချော်ချော်တွေတော့ ကျွန်တော် က ဖြစ်လေ့မရှိပါဖူး။ဒါကလဲသူတို့လို ပေါတောတော မဟုတ်တဲ့ကျွန်တော်ကိုးဗျ။အဲ ဒါပေမဲ့ ဖြစ်လိုက်ရင်တော့ ကျွန်တော် ကအချီကြီးပဲ။ကျွန်တော် မင်္ဂလာဆောင်တုန်းကပေါ့ဗျာ။သမတ ဟော်တယ်မှာလေ။သတို့သားက ကျွန်တော်။ရုပ်ရှင်တွေထဲမလဲနာမယ် ရပြီးသားဆိုတော့ အိုကေပေါ့။ဒါရိုက်တာကိုမီးပွားကလဲပြောတယ်။အားလုံးသူ့တာဝန်ထားတဲ့။သူများတွေလို မဟုတ်ဖူး။နောက်ဆုံးပေါ်ကင်မရာ ၃ လုံး နဲ့ရိုက်မှာ တဲ့။မိဖဖက်က အမျိုးတွေက ဟင်္သာတ လာမှာ။မလွန် က လာမှာ။မိန်းမ ဖက်ကတော့မြောင်းတကာက လာမှာ။ဟဲဟဲ ကြွားရချည်သေးရဲ့ပေါ့။ဒါ၇ိုက်တာ မီးပွားကိုယ်တိုင်ရိုက်ပေးမဲ့မင်္ဂလာဆောင်လေ။အဲ မင်္ဂလာမဆောင်ခင် ည မှာ သူငယ်ချင်းတွေကို ဧည့်ခံ သောက်စားတော့အားလုံးမူးမူးရူးရူးနဲ့ပေါ့။မနက်ကို ဘယ်လာရမလဲဆိုတော့ ကျွန်တော် လဲပြောမိပြောရာ အင်းလျားလိပ် လို့ပြောလိုက်မိတယ်ဗျာ။နောက်နေ့လဲကျရော ဒါရိုက်တာ မီးပွားနဲ့ကင်မရာအဖွဲ့က အင်းလျားလိပ်ကိုသွား ၀င်လာတဲ့ ဧည့်သည်တွေကိုရိုက် တဖြေးဖြေး နဲ့ သူတို့သိတဲ့လူတေါလဲတစ်ယောက်မှမတွေ့တော့ အူကြောင်ကြောင်ဖြစ်လာကြပါလေရော။ကျွန်တော် တို့လဲ သမတ မှာတစောင့်စောင့်နဲ့ပေါ့။ကိုအ၇ိုင်းနဲ့ဖိုးဖြူခမျာလဲ သမတ ရုံရှေ့က ပလက်ဖောင်းမှာ တမျှော်မျှော်နဲ။မင်္ဂလာဆောင်သာပြီးသွားရော။ဗီဒီယို ကို တစ်ကွက်မှ မ၇ိုက်လိုက်ရပါဖူး။ကျွန်တော့မိန်းမ ကလြ နှုတ်ခမ်းကြီးထော်လို့ပေါ့။ဟီးဟီး။ဒါနဲ့ပဲ ည ကျတော့မှ အိပ်ယာထဲ ကင်မရာ ထဲ့ပြီးမိန်းမ ရေ အစအဆုံးမှတ်တမ်းတင်ရအောင်ဟေ့လို့ပြောလိုက်တာ တစ်ခါထဲ တုတ်နဲ့လိုက်လိုက်တာ အဲဒီညကဘုန်းကြီးကျောင်းမှာအိပ်ခဲ့ရကြောင်းပါဗျာ။