Saturday, December 1, 2007

ပါးစပ်က မီး မထွက်တဲ့ ဂေါ်ဇီလာ


လူရွှင်တော် စ လုပ်လုပ်ချင်း နံမယ် ကပြောင်ပြောင် ပါ။ဗေဒင်ဆရာ ကိုသူရ နဲ့တွေ့တော့မှ ဂေါ်ဇီလာ လို့ပြောင်းသွားရတာ။ဒါပေမဲ့ ကျွန်တော့ ပါးစပ်က မီးမထွက်ပါဖူး။အမှန်တရား ပဲ ထွက်ပါတယ်။မဟုတ်မမှန် မတရားမှု မှန်သမျှ တတ်သမျှ အနုပညာ နဲ့ ထာဝရ ဆန့်ကျင်သွားမှာပါ။

ကျွန်တော်ကတော့ ဇီးသီးပါ


နံမယ် အရင်းကတော့ သန်းထွန်း တဲ့ သောကြာသား။လူရွှင်တော် နံ့မယ်ကျတော့ ဇီးသီးပါ။ဒါပေမဲ့ စာလုံးပေါင်းအမှန်ကျတော့ ဆီးသီး တဲ့။ရေ သီး ရင်တော့ အသက်ရှူလို့တောင် မရတတ်ဖူး။ဆီး သီး ရင်တော့ ဘယ်လိုနေမှန်းကိုမသိပါဖူးဗျာ။