Saturday, December 1, 2007

ပါးစပ်က မီး မထွက်တဲ့ ဂေါ်ဇီလာ


လူရွှင်တော် စ လုပ်လုပ်ချင်း နံမယ် ကပြောင်ပြောင် ပါ။ဗေဒင်ဆရာ ကိုသူရ နဲ့တွေ့တော့မှ ဂေါ်ဇီလာ လို့ပြောင်းသွားရတာ။ဒါပေမဲ့ ကျွန်တော့ ပါးစပ်က မီးမထွက်ပါဖူး။အမှန်တရား ပဲ ထွက်ပါတယ်။မဟုတ်မမှန် မတရားမှု မှန်သမျှ တတ်သမျှ အနုပညာ နဲ့ ထာဝရ ဆန့်ကျင်သွားမှာပါ။

ကျွန်တော်ကတော့ ဇီးသီးပါ


နံမယ် အရင်းကတော့ သန်းထွန်း တဲ့ သောကြာသား။လူရွှင်တော် နံ့မယ်ကျတော့ ဇီးသီးပါ။ဒါပေမဲ့ စာလုံးပေါင်းအမှန်ကျတော့ ဆီးသီး တဲ့။ရေ သီး ရင်တော့ အသက်ရှူလို့တောင် မရတတ်ဖူး။ဆီး သီး ရင်တော့ ဘယ်လိုနေမှန်းကိုမသိပါဖူးဗျာ။

Friday, October 26, 2007

စိန်သီးဆိုတာသားသားပါ

အမည်ရင်း ဇော်နိုင်ထွေး
အသက် ၃၂နှစ်
ကျွန်တော်နံ့မယ် စိန်သီး။အရင်ကတော့ပေါက်စီတဲ့။လူပျိုကြီးပါ။နံ့မယ်ရင်းကဇော်နိုင်ထွေး။ဒီနေ့ည မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်နေ့ညပေါ့ဗျာ။အမှန်ကတော့ နက်ဖန်ဆို လူပျိုကြီးဘ၀ ကျွတ်ရတော့မှာ။ခုတော့ ကောင်မလေး က လင်ယူသွားတယ်။လူပျက် ဘ၀ က အာမခံ့ချက် မရှိလို့တဲ့။ဘာရမလဲ ဘုန်းကြီးကျောင်း သွားပြီးကုတင်ကြီး လှူလိုက်တာပေါ့။ခြင်ထောင်ကတော့အိမ်ဘေး က အသုဘ အိမ် ကို လှူလိုက်ပါပြီ။တိုက်တိုက်ဆိုင်ဆိုင်ဗျာ အိုးတွေခွက်တွေတော့ တစ်နေ့ကပဲ ကျွန်တော်တို့အဖွဲ့ထဲက ဇီးသီးဆိုတဲ့ကောင် နောက်မိန်းမ ယူလို့ ပေးလိုက်ပြီ။သူကျတော့ စွံတယ်ဗျာ။ခက်တာက သူနောက်ယူတဲ့ကောင်မလေးက မျက်မမြင်လေးဗျ။

ကြယ်သီးပါခင်ဗျာ ကြယ်သီးပါခင်ဗျ


လူရွှင်တော်နာမယ် ခနခန ပြောင်းရတဲ့ လူရွှင်တော်လေးကြယ်သီးပါ။အစကတော့ ကြက်ဖ တဲ့ နောက်တော့ သုတ။နောက်တော့ သက်ထူးစံ နောက်တစ်ခါ ချစ်စံ ပြီးတော့ ဂျိုးသိန်း ဟော ဦးဇာဂနာနဲ့လဲတွေ့ရော လုံလုံခြုံခြုံဖြစ်အောင်တဲ့ ကြယ်သီးဖြစ်သွားပါလေရော။နံ့မယ်ရင်းကတော့ ကျော်ဇေယျ။အသက်က ၃၀နှစ်။မိန်းမ မရှိ လူပျိုကြီး ရည်းစားထားတိုင်းလင်နောက်လိုက်လိုက် သွားတတ်လို့ မိန်းမတွေကို စိတ်မကုန်သေးတဲ့သူပါ။ခုလဲ လူပျိုဆောင်ရှေ့က ဖြတ်ဖြတ်သွားတဲ့ ကျောင်းသူကောင်မလေးတွေကို လေချွန်ချွန်ပြီး စ နေတာ ဟဲဟဲ ဘယ်လောက်စွံတယ်မှတ်လဲ အဆောင်နားကခွေးတွေကို အုံနေတာပဲ ထန်းညက်ကျွေးမယ် မှတ်လို့လေ။

ကျွန်တော့နာမယ် ပန်းသီးပါ




နာမယ်အရင်းကတော့မျိုးဇော်တဲ့။နော်ဝေး ရုပ်သံအစီအစဉ်ကနေ သီးလေးသီးရဲ့ဆေးရောင်စုံအငြိမ့် လွှင့်ပြီးကထဲက ကျွန်တော့ ကို လူတွေ သိလာခဲ့ပါတယ်။ခေတ်နဲ့ညီတဲ့ ခေတ်မီ တဲ့ ပြက်လုံးတွေ ပြက်ဖို့ စိတ်ဝင်စားပါတယ်.အကိုတွေ ဖြစ်တဲ့ ကိုဇာဂနာ ကိုအ၇ိုင်း ကိုကင်းကောင် ကိုငှက် ကိုဖြူ ကိုညောင်တို့ဆီကလဲ နည်းနာတွေ ယူခဲ့ပါတယ်။ဦးဂေါ်ကတော့ ဒါ၇ိုက်တာပေါ့။ခု အငြိမ့်တစ်ခု ၇ိုက်ဖို့စီစဉ်နေပါတယ်။မကြာမီ ပရိသတ်ရှေ့မှောက်ရောက်လာမှာပါ။အငြိမ့်နံ့မယ်တော့မပေးရသေးပါဖူး။
ခေတ်ကိုလဲနောက်ပြန်မဆွဲ အသစ်ကိုလဲဖောက်ပြန်မလွဲတဲ့ လူရွှင်တော်လေး ပန်းသီးဟာ ပြည်သူများနဲ့တစ်သားထဲပါ။

Wednesday, October 24, 2007

မနေနိုင် မထိုင် နိုင် ဇာဂနာ



တက္ကသိုလ်ကျောင်းသားဘ၀ကပေါ့ဗျာ။မှတ်မှတ်ရရ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသားပေါ့။ကျောင်းမှာ သွားကျန်းမာရေးပညာပေး ဌာန ရှိတယ်လေ။အများပြည်သူတွေကိုအသိပညာပေးဖို့ပေါ့။အဲဒီမှာ ကျောင်းသားကြီးတွေ ဆရာတွေ ပါမောက္ခတွေကပညာပေးစာတန်းတွေနေရာအနှံ့မှာကပ်ဖို့ သတင်းစာတွေ စာစောင်တွေ မဂ္ဂဇင်းတွေမှာ ထည့်ဖို့တဲ့ဆိုပြီးအပြိုင်အဆိုင် ပညာပေးစာသားတွေရေးကြပါလေရော။ဇာ၈နာ တို့ကတော့ချာတိတ်ဆိုတော့ နားထောင်သူသက်သက်ပေါ့ဗျာ။အဲဒီမှာ ဆရာတွေက ကဗျာလိုလို ဘာလိုလို စာတွေကိုတော်တော်သဘောကျနေတာတွေ့လိုက်ရပါလေရော။ပမာဆိုရရင် နံက်ညစာ အကြားမှာ အချိုသားရေ စာတွေလျော့စားပါ။အစာစားပြီးအိပ်ကာနီး မညီးသေချာ သွားတိုက်ပါ ဆိုတာမျိုးတွေပေါ့။ဇာ၈နာ ကတော့ ဒါမျိုးတွေ နဲနဲလေးမှ မကြိုက်ပေါင်။ပညာပေးတာ သံပေါက်သင်နေတာမဟုတ်ဖူးလေ။ဒိတော့အိပ်ယာထ နဲ့အိပ်ယာဝင် သွားတိုက်ပါ တို့ ချိုသောအစာ လျော့စားပါတို့ဆိုပိုလို့မကောင်းဖူးလားလို့တွေးနေမိပါတယ်။ဟော အဲဒီတုန်းမှာပဲ ပါမောက္ခ က သူလက်စွမ်းပြထားတဲ့ (
အစာစားပြီးရည်ရွှမ်းသီး အပြီးသတ်ကာ စားပေးပါ)ဆိုတဲ့စာတန်းကိုဖတ်ကြားပြပါလေရော။အမယ် အားလုံးက လက်ခုပ်လက်ဝါးတဖြောင်းဖြောင်းနဲ့ခမျ။ဇာဂနာ စဉ်းစားမိတယ်။အစာစားပြီးတိုင်း အရည်ရွှမ်းတဲ့အသီးစားပေးပါ ဆိုတာ မြန်မာလူမျိုး လက်လုပ်လက်စား ရုံးသူရုံးသားကျောင်းသူကျောင်းသားတွေနဲ့ လားလား မှမအပ်စပ်ပေါင်။ဘဲ့နဲ့ဗျာ ထမင်းတစ်ခါစားပြီးတိုင်း နာနတ်သီးတွေ ကျွဲကောသီးတွေ ဘယ်သူတွေက ပုံမှန်စားနေနိုင်မှာလဲ။ဒီတော့ အများလိုက်နာ နိုင်တဲ့ စာမျိုး နဲ့ပညာပေးမှ ပို ထိရောက်ပေတော့မပေါ့။ဟုတ်ဖူးလား။နောက်တစ်ခါ (ရေ ထက် အရည် ရွှမ်း တာ ဘာ ရှိသေးလို့လဲ)ဟုတ်ဖူးလား။ဒီမှာတင် ငပွကြီး ဇာ၈နာ က မနေနိုင်တော့ပဲ အစာစားပြီးတိုင်းပလုပ်ကျင်းပါ ဆို ပြီးနေတာပဲဗျာ လို့ ပြောလိုက်မိပါလေရော။ပါမောက္ခ ကြီးလဲ မျက်နှာ ကြီးပျက် သူ့စာတန်းကြီးလဲပျက်သွားတယ်ခင်မျ။ဟဲဟဲ ငပွကြီး ဇာ၈နာ လဲ အငြိုးခံရပြီး စာမေးပွဲ ဖြေခွင့် ၆လ အပိတ်ခံခဲ့ရပါရောလား။ဒါကြောင့်ပြောတာပေါ့ ဇာ၈နာ့ပါးစပ်ဟာ မနေနိုင် မထိုင်နိုင်ပါဆိုတာ။

Tuesday, October 23, 2007

ကင်းကောင်ဆိုတာကျွန်တော်ပါ

ဖိုးဖြူတို့ ငှက်ပျော်ကြော်တို့လို ကြောင်တောင်တောင် လွဲချော်ချော်တွေတော့ ကျွန်တော် က ဖြစ်လေ့မရှိပါဖူး။ဒါကလဲသူတို့လို ပေါတောတော မဟုတ်တဲ့ကျွန်တော်ကိုးဗျ။အဲ ဒါပေမဲ့ ဖြစ်လိုက်ရင်တော့ ကျွန်တော် ကအချီကြီးပဲ။ကျွန်တော် မင်္ဂလာဆောင်တုန်းကပေါ့ဗျာ။သမတ ဟော်တယ်မှာလေ။သတို့သားက ကျွန်တော်။ရုပ်ရှင်တွေထဲမလဲနာမယ် ရပြီးသားဆိုတော့ အိုကေပေါ့။ဒါရိုက်တာကိုမီးပွားကလဲပြောတယ်။အားလုံးသူ့တာဝန်ထားတဲ့။သူများတွေလို မဟုတ်ဖူး။နောက်ဆုံးပေါ်ကင်မရာ ၃ လုံး နဲ့ရိုက်မှာ တဲ့။မိဖဖက်က အမျိုးတွေက ဟင်္သာတ လာမှာ။မလွန် က လာမှာ။မိန်းမ ဖက်ကတော့မြောင်းတကာက လာမှာ။ဟဲဟဲ ကြွားရချည်သေးရဲ့ပေါ့။ဒါ၇ိုက်တာ မီးပွားကိုယ်တိုင်ရိုက်ပေးမဲ့မင်္ဂလာဆောင်လေ။အဲ မင်္ဂလာမဆောင်ခင် ည မှာ သူငယ်ချင်းတွေကို ဧည့်ခံ သောက်စားတော့အားလုံးမူးမူးရူးရူးနဲ့ပေါ့။မနက်ကို ဘယ်လာရမလဲဆိုတော့ ကျွန်တော် လဲပြောမိပြောရာ အင်းလျားလိပ် လို့ပြောလိုက်မိတယ်ဗျာ။နောက်နေ့လဲကျရော ဒါရိုက်တာ မီးပွားနဲ့ကင်မရာအဖွဲ့က အင်းလျားလိပ်ကိုသွား ၀င်လာတဲ့ ဧည့်သည်တွေကိုရိုက် တဖြေးဖြေး နဲ့ သူတို့သိတဲ့လူတေါလဲတစ်ယောက်မှမတွေ့တော့ အူကြောင်ကြောင်ဖြစ်လာကြပါလေရော။ကျွန်တော် တို့လဲ သမတ မှာတစောင့်စောင့်နဲ့ပေါ့။ကိုအ၇ိုင်းနဲ့ဖိုးဖြူခမျာလဲ သမတ ရုံရှေ့က ပလက်ဖောင်းမှာ တမျှော်မျှော်နဲ။မင်္ဂလာဆောင်သာပြီးသွားရော။ဗီဒီယို ကို တစ်ကွက်မှ မ၇ိုက်လိုက်ရပါဖူး။ကျွန်တော့မိန်းမ ကလြ နှုတ်ခမ်းကြီးထော်လို့ပေါ့။ဟီးဟီး။ဒါနဲ့ပဲ ည ကျတော့မှ အိပ်ယာထဲ ကင်မရာ ထဲ့ပြီးမိန်းမ ရေ အစအဆုံးမှတ်တမ်းတင်ရအောင်ဟေ့လို့ပြောလိုက်တာ တစ်ခါထဲ တုတ်နဲ့လိုက်လိုက်တာ အဲဒီညကဘုန်းကြီးကျောင်းမှာအိပ်ခဲ့ရကြောင်းပါဗျာ။

ငှက်ပျောကြော်ရဲ့တကဲ့အဖြစ်အပျက်


ဖိုးဖြူက သူ့အကြောင်းသူ ဖော်ကောင်လုပ်တော့ ကျွန်တော်လဲ အားကျမခံပေါ့ဗျာ။ဘာရမလဲ။သူ့လိုပဲ သမိုင်းနဲ့လာတဲ့ banana ပဲဟာ။စာမေးပွဲမှာ လိုရင်းတိုရှင်းဆိုတာ ရှိတယ်လေ။သိတယ်နော်။မေးခွန်းထဲမှာ မြို့ကြီးပြကြီးများမှာ လျပ်စစ်မီးများထိန်ထိန်ညီးလျက်ရှိနေသည်။(ဟိုတုန်းကပြောတာနော်)အဲဒီစာပိုဒ် ကို လိုရင်းတိုရှင်းရေးပါဆိုတော့ ကျွန်တော် စဉ်းစားတယ်။အင်း မြို့ကြီး နဲ့ ပြကြီး ဆိုတာ တူတူပဲ။ဒီတော့ တစ်ခု တော့ဖြုတ်ရမယ်။ဖြေဆိုချိန်ကလဲ ပြည့်တော့မယ်။ဘာရမလဲဗျာ။ငှက်ပျော်ကြော်ပဲ။မြို့ကြီး ကို ဖြု တ် ပြကြီးများတွင်မီးများထိန်နေသည်လို့ရေးပစ်လိုက်တာပေါ့။ဟဲဟဲ အဲသည်က စ လို့ ကျွန်တော့ နာမယ်လဲ ပြကြီး လို့ တွင်သွားပါလေရော

Friday, September 7, 2007

ဖိုးဖြူရဲ့တကဲ့အဖြစ်အပျက်

မှတ်မှတ်ရရ တတိယနှစ် မြန်မာစာ ကျောင်းသားဘ၀ပေါ့။ကျောင်းအတွက် အငြိမ့်တွေကလဲ တ၈ျိမ်း၈ျိမ်း ကနေရတော့ ကျောင်းခေါ်ချိန် က မပြည့်ဖူး၊ဒီတော့ ဆရာမကြီးဒေါ်စီစီဝင်းက သူ့အခန်းကိုခေါ်တယ်၊ဟောဒီ ကွက်လပ် အခု ၁၀၀ ဖြည့်။ပြီးရင် ပြန်တော့ တဲ့၊ကဲ အဲဒီတုန်းက ဆရာမကြီးတွေ ရဲ့စေတနာ။ခုများတော့ မသိပါဖူး၊ကိုယ်က ကျောင်းအတွက် ကပေးနေရတာလေ။တစ်လ ကို သုံးပွဲလောက် ကနေ ရတော့ ဇာတ်တိုက်တာ နဲ့ အစမ်းကတာနဲ့ အစဉ် က တာနဲ့ ဘယ်အချိန် ကျောင်းသွားတက်မှာလဲ၊ဆရာမကြီးက အနုပညာအသင်းရဲ့ဥက္ကဌ။ပြီးတော့မြန်မာစာပါမောက္ခ၊အဲဒီမှာ ကွက်လပ် အခု ၁၀၀ ဖြည့်ခိုင်းပြီး ၄၀ မှန်ရင် ကျွန်တော့ ကို အအောင်ပေးမှာ။ကျွန်တော် သိတယ်၊ကျွန်တော် ဆိုတဲ့ကောင်ကလဲ ဒီ ကွက်လပ်လေး ၄၀ တောင်နပ်မှန်အောင်အဖြေမသိဖူး၊အချိန်ပေးထားတာက ၃နာရီ။ချွေးပြန်နေပြီ။တစ်ရာဘေးဖယ်ထား လေးဆယ်ကို မပြည့်သေးဖူး၊ဟော ၁၅ မိနစ် ပဲ လိုတော့တယ်၊မဖြစ်မနေပေါ့။အပုဒ် ၄၀ ပြည့်အောင် စွတ်ဖြေချလိုက်တာ၊၃၉ပုဒ် နဲ့ တစ် နေပါလေရော။ဒါနဲ့ ဖြေနိုင်မယ် ထင်တဲ့ဟာ ဖြဲကားရှာလိုက်တာ လားလား တစ်ပုဒ်တွေ့ပါလေရော။ဥက္ကဌကြီး ဥိးနေ၀င်း ရဲ့ သခင်နံမယ် မှာ--------ဖြစ်သည်တဲ့။သိပါတယ် နေပါဦး။ရှု တော့ ပါ ပါတယ်။ဘာ ရှု ဆိုပါလိမ့်။သိပြီ သခင်ယေရှု ဆိုပြီး ဖြည့်လိုက်တာပေါ့။ဒေါင်ကနဲ ပဲ။ခေါင်းလောင်းထိုးသံတော့မဟုတ်ဖူး။ဆရာမကြီးတီးထဲ့လိုက်တာလေ။

Thursday, September 6, 2007

ကျွန်တော့နံမယ်ဖိုးဖြူပါ

တကယ်တမ်းပြောရရင် လူရွှင်တော် အလုပ်ကို ၀ါသနာပါလို့ လုပ်တယ် ဆိုတဲ့ အဆင့်မှာ တင် ပြီးသွားမယ်လို့ ထင်ခဲ့မိတာ ကျွန်တော့အမှားပါ။ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု ၇ာခိုင်နှုန်း နဲနဲ ရယ် သူငယ်ချင်းရဲဘော်ရဲဘက်များရဲ့ပံ့ပိုးမှု ရာခိုင်နှုန်းများများတွေရယ်ကြောင့် ကျွန်တော်ပါးဟာ ပြောင်ခဲ့ရပါတယ်။ဒိနေ့ဒီအချိန်ပြည်သူက အသိအမှတ်ပြုတဲ့ အနုပညာသည်တစ်ယောက်ဖြစ်နေပါပြီ။ဒါကြောင့်လဲ
ပြည်သူ့အတွက် အနုပညာတွေဖန်တည်းရေး တို့အရေး
ပြည်သူ့ဘ၀တိုးတက်ရေး တို့အရေး
တိုင်းပြည်ငြိမ်းချမ်းသာယာရေး တို့အရေး ဆိုတဲ့ တို့အေ၇းသုံးပါးနဲ့လျောက်လှမ်းနေပါတယ်၊ကျွန်တော်တို့အဖွဲ့ရဲ့ ဆောင်ပုဒ် ကိုက ပြည်သူများနဲ့တစ်သားတည်းဖြစ်သည် ပါ၊

ကျွန်တော့နံမယ်ဖိုးဖြူပါ

အနုပညာနဲ့ပတ်သက်ပြီးပြောရရင် ငယ်ငယ်ကတည်းက ၀ါသနာပါတာပါ။အနုပညာ မျိုးရိုးလို့တော့ မယ်မယ်ရရ မရှိပါဖူး၊ဘကြီးတစ်ယောက်က ဘိသိက်မြှောက်တယ်၊ဦးရှင်ကြီးတင်တယ်။အလှူအတန်းရှိရင် ဦးရွှေရိုးက တယ်၊အမတစ်ယောက် ကတော့ ဇာတ်ထဲမှာ ယိမ်း ကဖူးတယ်။နဲနဲ အသက်ကြီးသွားတော့ နတ်ကတော်လုပ်တယ်။ခုတော့ သီလရှင် ၀တ်သွားပြီ၊ဒီလောက်ပါပဲ။အဲ ကျွန်တော် ကျတော့ ထူးခြားစွာပဲပေါ့ဗျာ ငယ်ငယ်ကထဲက ဟာသနဲ့ပတ်သက်ရင် တအားဝါသနာ ထုံခဲ့တယ်၊ရီစရာ ရုပ်ရှင်တွေ အငြိမ့်တွေ ဇာတ်တွေ လက်လျမ်းမှီသလောက် မလွတ်တမ်း ကြည့်ခဲ့တာ၊သူငယ်ချင်းတွေ ကြားမှာ လူပြက်တွေရဲ့ဟန်တွေ လုပ်ပြ။ပြက်လုံးတွေ လုပ်ပြခဲ့တာ သူတို့က သိတ်သဘောကျတာပေါ့။အဲဒီက စ ပြီး အနုပညာ ဆိုတဲ့ပိုး ဟာ ကျွန်တော့ တစ်ကိုယ်လုံး ကို ၀ါးမျိုခဲ့တော့တာပါပဲ။ဘ၀ရဲ့အလှည့်အပြောင်းတစ်ခုလို့ပဲ ပြောရမယ်။၁၉၈၄ ခုနှစ် ဆယ်တန်းအောင်ပြီးလို့တက္ကသိုလ်လဲရောက်ရော တက္ကသိုလ် အနုပညာ အသင်းကြီးမှာ ကျွန်တော့ရဲ့ဆရာတွေလဲ ဖြစ် သူငယ်ချင်းတွေလဲ ဖြစ်နောင် ရဲဘော်ရဲဘက်တွေလဲ ဖြစ်တဲ့ ကိုဇာဂနာ ကိုအ၇ိုင်း တို့ရယ် လက်ဦးဆရာတွေလို့ဆိုရမဲ့ ကိုဘီယာ ကိုချစ်စရာ ကိုလန်ဘား မေဂျာတူ အတန်းတူ ၀ါသနာတူ သူငယ်ချင်းတွေ ဖြစ်တဲ့ ကင်းကောင် ငှက်ပျောကြော် ဂေါ်ဇီလာတက္ကသိုလ် ဂွမ်းပုံ ချစ်ချစ်ဇော် တို့နဲ့ပေါင်းမိရာက အစ ကျွန်တော် ဘ၀ပြောင်းခဲ့ရပါတယ်။

ကျွန်တောံ့နံ့မယ်ဖိုးဖြူပါ

နံမယ်အရင်းက ဖြူဝင်းရွှေ။ဖိုးဖြူဆိုတာ ငယ်နံမယ်ဖြစ်သလိုအနုပညာ နံမယ် လဲ ဖြစ်ပါတယ်၊၂၆ နိုဝင်ဘာ၁၉၅၉ ကြာသပတေးနေ့မှာ မွေးတဲ့အတွက်အသက်ကတော့ ၄၈ နှစ်ပေါ့၊ဖေဖေ ဦးစံရွှေ မေမေ ဒေါ်မြရီတို့က ရန်ကုန်မြို့မှာ မွေးတာပါ။မွေးချင်းညီအကို နှစ်ယောက်မှာ ကျွန်တော် က အငယ်။
ရန်ကုန်တက္ကသိုလ်(ပင်မ)မှာ မြန်မာစာ အဓိက နဲ့ ၁၉၉၀ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်၊၁၉၉၅ မှာ စန်းစန်းရီ နဲ့အိမ်ထောင်ကျခဲ့ပါတယ်၊သူမ က သတ္တဗေဒ အဓိက နဲ့ ဘွဲ့ရခဲ့တာပါ၊အနုပညာ နယ်ထဲက မဟုတ်ပါဖူး၊ကျွန်တော့်မှာ အသက် ၁၀ နှစ် အရွယ် ခိုင်ဇာသွယ် ဆိုတဲ့ သမီးလေးတစ်ယောက်ပဲ ရှိပါတယ်၊အထက(၄)ဘိုတထောင် မှာ ငါးတန်းတက်နေပါတယ်။ကျွန်တော်တို့မိသားစု အမှတ်၈။၁ခရေမြိုင်လမ်း ၂၃ ရပ်ကွက် သုဝဏ္ဏမှာ နေပါတယ်။အလုပ်ကိစ္စ နဲ့ပဲဖြစ်ဖြစ် ပျော်ပျော်ပါးပါး စကားဆိုချင်လို့ပြဲဖစ်ဖြစ်မိတ်ဆေါဖွဲ့ချင်လို့ပဲ ဖြစ်ဖြစ် ဖုန်းနံပါတ် ၀၁-၅၆၃၇၁၃ နဲ့ လက်ကိုင်ဖုန်း၀၉၈၀၂၂၆၂၂ တို့ကိုဆက်သါယ်လို့၇ပါတယ်ခင်ဗျ။

Thursday, August 16, 2007

Testing....

Testing, Testing... 1 2 3