Thursday, September 6, 2007

ကျွန်တော့နံမယ်ဖိုးဖြူပါ

အနုပညာနဲ့ပတ်သက်ပြီးပြောရရင် ငယ်ငယ်ကတည်းက ၀ါသနာပါတာပါ။အနုပညာ မျိုးရိုးလို့တော့ မယ်မယ်ရရ မရှိပါဖူး၊ဘကြီးတစ်ယောက်က ဘိသိက်မြှောက်တယ်၊ဦးရှင်ကြီးတင်တယ်။အလှူအတန်းရှိရင် ဦးရွှေရိုးက တယ်၊အမတစ်ယောက် ကတော့ ဇာတ်ထဲမှာ ယိမ်း ကဖူးတယ်။နဲနဲ အသက်ကြီးသွားတော့ နတ်ကတော်လုပ်တယ်။ခုတော့ သီလရှင် ၀တ်သွားပြီ၊ဒီလောက်ပါပဲ။အဲ ကျွန်တော် ကျတော့ ထူးခြားစွာပဲပေါ့ဗျာ ငယ်ငယ်ကထဲက ဟာသနဲ့ပတ်သက်ရင် တအားဝါသနာ ထုံခဲ့တယ်၊ရီစရာ ရုပ်ရှင်တွေ အငြိမ့်တွေ ဇာတ်တွေ လက်လျမ်းမှီသလောက် မလွတ်တမ်း ကြည့်ခဲ့တာ၊သူငယ်ချင်းတွေ ကြားမှာ လူပြက်တွေရဲ့ဟန်တွေ လုပ်ပြ။ပြက်လုံးတွေ လုပ်ပြခဲ့တာ သူတို့က သိတ်သဘောကျတာပေါ့။အဲဒီက စ ပြီး အနုပညာ ဆိုတဲ့ပိုး ဟာ ကျွန်တော့ တစ်ကိုယ်လုံး ကို ၀ါးမျိုခဲ့တော့တာပါပဲ။ဘ၀ရဲ့အလှည့်အပြောင်းတစ်ခုလို့ပဲ ပြောရမယ်။၁၉၈၄ ခုနှစ် ဆယ်တန်းအောင်ပြီးလို့တက္ကသိုလ်လဲရောက်ရော တက္ကသိုလ် အနုပညာ အသင်းကြီးမှာ ကျွန်တော့ရဲ့ဆရာတွေလဲ ဖြစ် သူငယ်ချင်းတွေလဲ ဖြစ်နောင် ရဲဘော်ရဲဘက်တွေလဲ ဖြစ်တဲ့ ကိုဇာဂနာ ကိုအ၇ိုင်း တို့ရယ် လက်ဦးဆရာတွေလို့ဆိုရမဲ့ ကိုဘီယာ ကိုချစ်စရာ ကိုလန်ဘား မေဂျာတူ အတန်းတူ ၀ါသနာတူ သူငယ်ချင်းတွေ ဖြစ်တဲ့ ကင်းကောင် ငှက်ပျောကြော် ဂေါ်ဇီလာတက္ကသိုလ် ဂွမ်းပုံ ချစ်ချစ်ဇော် တို့နဲ့ပေါင်းမိရာက အစ ကျွန်တော် ဘ၀ပြောင်းခဲ့ရပါတယ်။

No comments: