Friday, September 7, 2007

ဖိုးဖြူရဲ့တကဲ့အဖြစ်အပျက်

မှတ်မှတ်ရရ တတိယနှစ် မြန်မာစာ ကျောင်းသားဘ၀ပေါ့။ကျောင်းအတွက် အငြိမ့်တွေကလဲ တ၈ျိမ်း၈ျိမ်း ကနေရတော့ ကျောင်းခေါ်ချိန် က မပြည့်ဖူး၊ဒီတော့ ဆရာမကြီးဒေါ်စီစီဝင်းက သူ့အခန်းကိုခေါ်တယ်၊ဟောဒီ ကွက်လပ် အခု ၁၀၀ ဖြည့်။ပြီးရင် ပြန်တော့ တဲ့၊ကဲ အဲဒီတုန်းက ဆရာမကြီးတွေ ရဲ့စေတနာ။ခုများတော့ မသိပါဖူး၊ကိုယ်က ကျောင်းအတွက် ကပေးနေရတာလေ။တစ်လ ကို သုံးပွဲလောက် ကနေ ရတော့ ဇာတ်တိုက်တာ နဲ့ အစမ်းကတာနဲ့ အစဉ် က တာနဲ့ ဘယ်အချိန် ကျောင်းသွားတက်မှာလဲ၊ဆရာမကြီးက အနုပညာအသင်းရဲ့ဥက္ကဌ။ပြီးတော့မြန်မာစာပါမောက္ခ၊အဲဒီမှာ ကွက်လပ် အခု ၁၀၀ ဖြည့်ခိုင်းပြီး ၄၀ မှန်ရင် ကျွန်တော့ ကို အအောင်ပေးမှာ။ကျွန်တော် သိတယ်၊ကျွန်တော် ဆိုတဲ့ကောင်ကလဲ ဒီ ကွက်လပ်လေး ၄၀ တောင်နပ်မှန်အောင်အဖြေမသိဖူး၊အချိန်ပေးထားတာက ၃နာရီ။ချွေးပြန်နေပြီ။တစ်ရာဘေးဖယ်ထား လေးဆယ်ကို မပြည့်သေးဖူး၊ဟော ၁၅ မိနစ် ပဲ လိုတော့တယ်၊မဖြစ်မနေပေါ့။အပုဒ် ၄၀ ပြည့်အောင် စွတ်ဖြေချလိုက်တာ၊၃၉ပုဒ် နဲ့ တစ် နေပါလေရော။ဒါနဲ့ ဖြေနိုင်မယ် ထင်တဲ့ဟာ ဖြဲကားရှာလိုက်တာ လားလား တစ်ပုဒ်တွေ့ပါလေရော။ဥက္ကဌကြီး ဥိးနေ၀င်း ရဲ့ သခင်နံမယ် မှာ--------ဖြစ်သည်တဲ့။သိပါတယ် နေပါဦး။ရှု တော့ ပါ ပါတယ်။ဘာ ရှု ဆိုပါလိမ့်။သိပြီ သခင်ယေရှု ဆိုပြီး ဖြည့်လိုက်တာပေါ့။ဒေါင်ကနဲ ပဲ။ခေါင်းလောင်းထိုးသံတော့မဟုတ်ဖူး။ဆရာမကြီးတီးထဲ့လိုက်တာလေ။

Thursday, September 6, 2007

ကျွန်တော့နံမယ်ဖိုးဖြူပါ

တကယ်တမ်းပြောရရင် လူရွှင်တော် အလုပ်ကို ၀ါသနာပါလို့ လုပ်တယ် ဆိုတဲ့ အဆင့်မှာ တင် ပြီးသွားမယ်လို့ ထင်ခဲ့မိတာ ကျွန်တော့အမှားပါ။ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု ၇ာခိုင်နှုန်း နဲနဲ ရယ် သူငယ်ချင်းရဲဘော်ရဲဘက်များရဲ့ပံ့ပိုးမှု ရာခိုင်နှုန်းများများတွေရယ်ကြောင့် ကျွန်တော်ပါးဟာ ပြောင်ခဲ့ရပါတယ်။ဒိနေ့ဒီအချိန်ပြည်သူက အသိအမှတ်ပြုတဲ့ အနုပညာသည်တစ်ယောက်ဖြစ်နေပါပြီ။ဒါကြောင့်လဲ
ပြည်သူ့အတွက် အနုပညာတွေဖန်တည်းရေး တို့အရေး
ပြည်သူ့ဘ၀တိုးတက်ရေး တို့အရေး
တိုင်းပြည်ငြိမ်းချမ်းသာယာရေး တို့အရေး ဆိုတဲ့ တို့အေ၇းသုံးပါးနဲ့လျောက်လှမ်းနေပါတယ်၊ကျွန်တော်တို့အဖွဲ့ရဲ့ ဆောင်ပုဒ် ကိုက ပြည်သူများနဲ့တစ်သားတည်းဖြစ်သည် ပါ၊

ကျွန်တော့နံမယ်ဖိုးဖြူပါ

အနုပညာနဲ့ပတ်သက်ပြီးပြောရရင် ငယ်ငယ်ကတည်းက ၀ါသနာပါတာပါ။အနုပညာ မျိုးရိုးလို့တော့ မယ်မယ်ရရ မရှိပါဖူး၊ဘကြီးတစ်ယောက်က ဘိသိက်မြှောက်တယ်၊ဦးရှင်ကြီးတင်တယ်။အလှူအတန်းရှိရင် ဦးရွှေရိုးက တယ်၊အမတစ်ယောက် ကတော့ ဇာတ်ထဲမှာ ယိမ်း ကဖူးတယ်။နဲနဲ အသက်ကြီးသွားတော့ နတ်ကတော်လုပ်တယ်။ခုတော့ သီလရှင် ၀တ်သွားပြီ၊ဒီလောက်ပါပဲ။အဲ ကျွန်တော် ကျတော့ ထူးခြားစွာပဲပေါ့ဗျာ ငယ်ငယ်ကထဲက ဟာသနဲ့ပတ်သက်ရင် တအားဝါသနာ ထုံခဲ့တယ်၊ရီစရာ ရုပ်ရှင်တွေ အငြိမ့်တွေ ဇာတ်တွေ လက်လျမ်းမှီသလောက် မလွတ်တမ်း ကြည့်ခဲ့တာ၊သူငယ်ချင်းတွေ ကြားမှာ လူပြက်တွေရဲ့ဟန်တွေ လုပ်ပြ။ပြက်လုံးတွေ လုပ်ပြခဲ့တာ သူတို့က သိတ်သဘောကျတာပေါ့။အဲဒီက စ ပြီး အနုပညာ ဆိုတဲ့ပိုး ဟာ ကျွန်တော့ တစ်ကိုယ်လုံး ကို ၀ါးမျိုခဲ့တော့တာပါပဲ။ဘ၀ရဲ့အလှည့်အပြောင်းတစ်ခုလို့ပဲ ပြောရမယ်။၁၉၈၄ ခုနှစ် ဆယ်တန်းအောင်ပြီးလို့တက္ကသိုလ်လဲရောက်ရော တက္ကသိုလ် အနုပညာ အသင်းကြီးမှာ ကျွန်တော့ရဲ့ဆရာတွေလဲ ဖြစ် သူငယ်ချင်းတွေလဲ ဖြစ်နောင် ရဲဘော်ရဲဘက်တွေလဲ ဖြစ်တဲ့ ကိုဇာဂနာ ကိုအ၇ိုင်း တို့ရယ် လက်ဦးဆရာတွေလို့ဆိုရမဲ့ ကိုဘီယာ ကိုချစ်စရာ ကိုလန်ဘား မေဂျာတူ အတန်းတူ ၀ါသနာတူ သူငယ်ချင်းတွေ ဖြစ်တဲ့ ကင်းကောင် ငှက်ပျောကြော် ဂေါ်ဇီလာတက္ကသိုလ် ဂွမ်းပုံ ချစ်ချစ်ဇော် တို့နဲ့ပေါင်းမိရာက အစ ကျွန်တော် ဘ၀ပြောင်းခဲ့ရပါတယ်။

ကျွန်တောံ့နံ့မယ်ဖိုးဖြူပါ

နံမယ်အရင်းက ဖြူဝင်းရွှေ။ဖိုးဖြူဆိုတာ ငယ်နံမယ်ဖြစ်သလိုအနုပညာ နံမယ် လဲ ဖြစ်ပါတယ်၊၂၆ နိုဝင်ဘာ၁၉၅၉ ကြာသပတေးနေ့မှာ မွေးတဲ့အတွက်အသက်ကတော့ ၄၈ နှစ်ပေါ့၊ဖေဖေ ဦးစံရွှေ မေမေ ဒေါ်မြရီတို့က ရန်ကုန်မြို့မှာ မွေးတာပါ။မွေးချင်းညီအကို နှစ်ယောက်မှာ ကျွန်တော် က အငယ်။
ရန်ကုန်တက္ကသိုလ်(ပင်မ)မှာ မြန်မာစာ အဓိက နဲ့ ၁၉၉၀ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်၊၁၉၉၅ မှာ စန်းစန်းရီ နဲ့အိမ်ထောင်ကျခဲ့ပါတယ်၊သူမ က သတ္တဗေဒ အဓိက နဲ့ ဘွဲ့ရခဲ့တာပါ၊အနုပညာ နယ်ထဲက မဟုတ်ပါဖူး၊ကျွန်တော့်မှာ အသက် ၁၀ နှစ် အရွယ် ခိုင်ဇာသွယ် ဆိုတဲ့ သမီးလေးတစ်ယောက်ပဲ ရှိပါတယ်၊အထက(၄)ဘိုတထောင် မှာ ငါးတန်းတက်နေပါတယ်။ကျွန်တော်တို့မိသားစု အမှတ်၈။၁ခရေမြိုင်လမ်း ၂၃ ရပ်ကွက် သုဝဏ္ဏမှာ နေပါတယ်။အလုပ်ကိစ္စ နဲ့ပဲဖြစ်ဖြစ် ပျော်ပျော်ပါးပါး စကားဆိုချင်လို့ပြဲဖစ်ဖြစ်မိတ်ဆေါဖွဲ့ချင်လို့ပဲ ဖြစ်ဖြစ် ဖုန်းနံပါတ် ၀၁-၅၆၃၇၁၃ နဲ့ လက်ကိုင်ဖုန်း၀၉၈၀၂၂၆၂၂ တို့ကိုဆက်သါယ်လို့၇ပါတယ်ခင်ဗျ။