
ဖိုးဖြူက သူ့အကြောင်းသူ ဖော်ကောင်လုပ်တော့ ကျွန်တော်လဲ အားကျမခံပေါ့ဗျာ။ဘာရမလဲ။သူ့လိုပဲ သမိုင်းနဲ့လာတဲ့ banana ပဲဟာ။စာမေးပွဲမှာ လိုရင်းတိုရှင်းဆိုတာ ရှိတယ်လေ။သိတယ်နော်။မေးခွန်းထဲမှာ မြို့ကြီးပြကြီးများမှာ လျပ်စစ်မီးများထိန်ထိန်ညီးလျက်ရှိနေသည်။(ဟိုတုန်းကပြောတာနော်)အဲဒီစာပိုဒ် ကို လိုရင်းတိုရှင်းရေးပါဆိုတော့ ကျွန်တော် စဉ်းစားတယ်။အင်း မြို့ကြီး နဲ့ ပြကြီး ဆိုတာ တူတူပဲ။ဒီတော့ တစ်ခု တော့ဖြုတ်ရမယ်။ဖြေဆိုချိန်ကလဲ ပြည့်တော့မယ်။ဘာရမလဲဗျာ။ငှက်ပျော်ကြော်ပဲ။မြို့ကြီး ကို ဖြု တ် ပြကြီးများတွင်မီးများထိန်နေသည်လို့ရေးပစ်လိုက်တာပေါ့။ဟဲဟဲ အဲသည်က စ လို့ ကျွန်တော့ နာမယ်လဲ ပြကြီး လို့ တွင်သွားပါလေရော
1 comment:
ပြကြီးတွေက မြန်မာပြည်မှာ မြို့ ကြီးတွေထက် ပိုပေါတယ်။
Post a Comment