Wednesday, October 24, 2007

မနေနိုင် မထိုင် နိုင် ဇာဂနာ



တက္ကသိုလ်ကျောင်းသားဘ၀ကပေါ့ဗျာ။မှတ်မှတ်ရရ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသားပေါ့။ကျောင်းမှာ သွားကျန်းမာရေးပညာပေး ဌာန ရှိတယ်လေ။အများပြည်သူတွေကိုအသိပညာပေးဖို့ပေါ့။အဲဒီမှာ ကျောင်းသားကြီးတွေ ဆရာတွေ ပါမောက္ခတွေကပညာပေးစာတန်းတွေနေရာအနှံ့မှာကပ်ဖို့ သတင်းစာတွေ စာစောင်တွေ မဂ္ဂဇင်းတွေမှာ ထည့်ဖို့တဲ့ဆိုပြီးအပြိုင်အဆိုင် ပညာပေးစာသားတွေရေးကြပါလေရော။ဇာ၈နာ တို့ကတော့ချာတိတ်ဆိုတော့ နားထောင်သူသက်သက်ပေါ့ဗျာ။အဲဒီမှာ ဆရာတွေက ကဗျာလိုလို ဘာလိုလို စာတွေကိုတော်တော်သဘောကျနေတာတွေ့လိုက်ရပါလေရော။ပမာဆိုရရင် နံက်ညစာ အကြားမှာ အချိုသားရေ စာတွေလျော့စားပါ။အစာစားပြီးအိပ်ကာနီး မညီးသေချာ သွားတိုက်ပါ ဆိုတာမျိုးတွေပေါ့။ဇာ၈နာ ကတော့ ဒါမျိုးတွေ နဲနဲလေးမှ မကြိုက်ပေါင်။ပညာပေးတာ သံပေါက်သင်နေတာမဟုတ်ဖူးလေ။ဒိတော့အိပ်ယာထ နဲ့အိပ်ယာဝင် သွားတိုက်ပါ တို့ ချိုသောအစာ လျော့စားပါတို့ဆိုပိုလို့မကောင်းဖူးလားလို့တွေးနေမိပါတယ်။ဟော အဲဒီတုန်းမှာပဲ ပါမောက္ခ က သူလက်စွမ်းပြထားတဲ့ (
အစာစားပြီးရည်ရွှမ်းသီး အပြီးသတ်ကာ စားပေးပါ)ဆိုတဲ့စာတန်းကိုဖတ်ကြားပြပါလေရော။အမယ် အားလုံးက လက်ခုပ်လက်ဝါးတဖြောင်းဖြောင်းနဲ့ခမျ။ဇာဂနာ စဉ်းစားမိတယ်။အစာစားပြီးတိုင်း အရည်ရွှမ်းတဲ့အသီးစားပေးပါ ဆိုတာ မြန်မာလူမျိုး လက်လုပ်လက်စား ရုံးသူရုံးသားကျောင်းသူကျောင်းသားတွေနဲ့ လားလား မှမအပ်စပ်ပေါင်။ဘဲ့နဲ့ဗျာ ထမင်းတစ်ခါစားပြီးတိုင်း နာနတ်သီးတွေ ကျွဲကောသီးတွေ ဘယ်သူတွေက ပုံမှန်စားနေနိုင်မှာလဲ။ဒီတော့ အများလိုက်နာ နိုင်တဲ့ စာမျိုး နဲ့ပညာပေးမှ ပို ထိရောက်ပေတော့မပေါ့။ဟုတ်ဖူးလား။နောက်တစ်ခါ (ရေ ထက် အရည် ရွှမ်း တာ ဘာ ရှိသေးလို့လဲ)ဟုတ်ဖူးလား။ဒီမှာတင် ငပွကြီး ဇာ၈နာ က မနေနိုင်တော့ပဲ အစာစားပြီးတိုင်းပလုပ်ကျင်းပါ ဆို ပြီးနေတာပဲဗျာ လို့ ပြောလိုက်မိပါလေရော။ပါမောက္ခ ကြီးလဲ မျက်နှာ ကြီးပျက် သူ့စာတန်းကြီးလဲပျက်သွားတယ်ခင်မျ။ဟဲဟဲ ငပွကြီး ဇာ၈နာ လဲ အငြိုးခံရပြီး စာမေးပွဲ ဖြေခွင့် ၆လ အပိတ်ခံခဲ့ရပါရောလား။ဒါကြောင့်ပြောတာပေါ့ ဇာ၈နာ့ပါးစပ်ဟာ မနေနိုင် မထိုင်နိုင်ပါဆိုတာ။

3 comments:

Unknown said...

Yes, we need such "ma nay naing ma htine naing" a lot for our country. Keep it up Zarganar.

Pho Aye

ဆောင်းယွန်းလ said...

လူတွေကမှန်တာပြောရင်တယ်မကြိုက်ချင်ကြသကိုဗျ.
ထိတယ်ဗျာ.အတွဲလိုက်ပဲ

ဂျူနို said...

ဖြုတ် ထုတ် သတ် ဆိုတာ ဒို့ နိုင်ငံရဲ့ စနစ်ပဲ။

အယ်ဇီ