Friday, September 7, 2007

ဖိုးဖြူရဲ့တကဲ့အဖြစ်အပျက်

မှတ်မှတ်ရရ တတိယနှစ် မြန်မာစာ ကျောင်းသားဘ၀ပေါ့။ကျောင်းအတွက် အငြိမ့်တွေကလဲ တ၈ျိမ်း၈ျိမ်း ကနေရတော့ ကျောင်းခေါ်ချိန် က မပြည့်ဖူး၊ဒီတော့ ဆရာမကြီးဒေါ်စီစီဝင်းက သူ့အခန်းကိုခေါ်တယ်၊ဟောဒီ ကွက်လပ် အခု ၁၀၀ ဖြည့်။ပြီးရင် ပြန်တော့ တဲ့၊ကဲ အဲဒီတုန်းက ဆရာမကြီးတွေ ရဲ့စေတနာ။ခုများတော့ မသိပါဖူး၊ကိုယ်က ကျောင်းအတွက် ကပေးနေရတာလေ။တစ်လ ကို သုံးပွဲလောက် ကနေ ရတော့ ဇာတ်တိုက်တာ နဲ့ အစမ်းကတာနဲ့ အစဉ် က တာနဲ့ ဘယ်အချိန် ကျောင်းသွားတက်မှာလဲ၊ဆရာမကြီးက အနုပညာအသင်းရဲ့ဥက္ကဌ။ပြီးတော့မြန်မာစာပါမောက္ခ၊အဲဒီမှာ ကွက်လပ် အခု ၁၀၀ ဖြည့်ခိုင်းပြီး ၄၀ မှန်ရင် ကျွန်တော့ ကို အအောင်ပေးမှာ။ကျွန်တော် သိတယ်၊ကျွန်တော် ဆိုတဲ့ကောင်ကလဲ ဒီ ကွက်လပ်လေး ၄၀ တောင်နပ်မှန်အောင်အဖြေမသိဖူး၊အချိန်ပေးထားတာက ၃နာရီ။ချွေးပြန်နေပြီ။တစ်ရာဘေးဖယ်ထား လေးဆယ်ကို မပြည့်သေးဖူး၊ဟော ၁၅ မိနစ် ပဲ လိုတော့တယ်၊မဖြစ်မနေပေါ့။အပုဒ် ၄၀ ပြည့်အောင် စွတ်ဖြေချလိုက်တာ၊၃၉ပုဒ် နဲ့ တစ် နေပါလေရော။ဒါနဲ့ ဖြေနိုင်မယ် ထင်တဲ့ဟာ ဖြဲကားရှာလိုက်တာ လားလား တစ်ပုဒ်တွေ့ပါလေရော။ဥက္ကဌကြီး ဥိးနေ၀င်း ရဲ့ သခင်နံမယ် မှာ--------ဖြစ်သည်တဲ့။သိပါတယ် နေပါဦး။ရှု တော့ ပါ ပါတယ်။ဘာ ရှု ဆိုပါလိမ့်။သိပြီ သခင်ယေရှု ဆိုပြီး ဖြည့်လိုက်တာပေါ့။ဒေါင်ကနဲ ပဲ။ခေါင်းလောင်းထိုးသံတော့မဟုတ်ဖူး။ဆရာမကြီးတီးထဲ့လိုက်တာလေ။

3 comments:

kolay said...

Excellent presentation! I love it.
Ko Lay

Myo Win Zaw said...

ဟားဟား ရယ်ရတယ်ဗျာ

နတ်လူ said...

သခင် ယေရှု မို့ လို့ သာပေါ့။ နို့ မို့ ရင်တော့ မတွေးဝံ့ပါလား ဗိုလ်နေဝင်းရယ်